လှရုပ်သွင် ဆန်းမူလ၊
စန်းရူပ မြတ်စွာ၊
ဂွမ်းတူလ ဖဿာ၊
နတ်ကညာ အသွေး၊
နွေဂိမ္မ အငွေ့ခံလျှင်၊
ရေ့သဏ္ဌာန် ချမ်းမြလို့အေး။
ဟေမန္တပြောင်းအလာ၊
ဆောင်းအခါ ကိုယ်နွေး၊
ကောင်းသာမာ ဂုဏ်သူဌေးဟာမို့၊
ကြုံသေးက မက်ရန်၊
လင့်အရင် အစောထပါလို့၊
သဘောကျ ကျင့်တတ်လေပြန်။
အိပ်စားမှု နောက်ချန်တယ်၊
ကြောက်ဟန်လို့ ထံပါးက၊
ပန်ကြားလျက် ပြုံးလေံဝါစာ၊
သုံး၍သာယာ၊
လင့်ပြင်ဖြင့် မကြည့်ရှာသည်၊
ဘရိယာ ခေါင်ဆုံးပလေး။ ။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး
ကဗျာ့မဉ္ဇရီ
(လယ်တီပဏ္ဍိတ ဦးမောင်ကြီး စာပေါင်းချုပ်)
“ကျမ်းဂန်များ၌လာသော မိန်းမမြတ်တို့၏ လက္ခဏာများ”
အဆင်းလှခြင်း၊ အတွေ့ကောင်းခြင်း၊ ကိုယ်အငွေ့ကောင်းခြင်း၊ အနံ့ကောင်းခြင်း၊ အိပ်ရာမှ ရှေးဦးစွာ ထခြင်း၊ နောက်ချန်၍ အိပ်စားခြင်း၊ အမှုရှိတိုင်း ပန်ဆိုမြွက်ကြားခြင်း၊ လင်ယောက်ျား နှစ်သက်ဖွယ်ကိုသာ ကျင့်ခြင်း၊ မိမိလင်မှ တပါး အခြားသော ယောက်ျားတို့၌ စိတ်မှမပြစ်မှားခြင်း၊ ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း၊ ပြုံးခြင်း ရှေးရှိသောစကားကို ဆိုခြင်း။
ဤသို့သော ကိုယ်အမူအရာ ကောင်းခြင်းလက္ခဏာ၊ နှုတ်အမူအရာ ကောင်းခြင်းလက္ခဏာ ရှိသော မိန်းမမြတ်တို့နှင့် စပ်လျဉ်း၍ ရေးသားသော ကျမ်းဂန်လာ မိန်းမမြတ်တေးထပ်။
(Credit to: U Tin Wynn Myint)
https://www.facebook.com/groups/237590846346389/

4:39 AM
@dmin

Posted in:
0 comments:
Post a Comment