Friday, October 10, 2014

စလေဉာဏ်


စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
နဘေက ခြေမပါတယ်၊
စလေစာ ကြိုက်ကြလေငြား။

ဆန်းအနုယဉ်ရာတွင်၊
ပညာရှင်အများ၊
လင်္ကာယဉ်စာသွားမတော့၊
မညှာအား နှိပ်နယ်၊
စာကောင်းရင် မအေပေးတွေက၊
စလေရေး ဆိုကြပြန်တယ်။

တို့များဖြင့် မှန်တကယ်၊
ဉာဏ်မငယ်ကံစောင်းလို့၊
ပြန်ပြောင်းလို့ မပြောချင်၊
ဟော ခုခေတ်တွင်၊
တောပါးစပ် ရိုင်းမယဉ်ကို၊
မနှိုင်းချင်ပြီဘူးကွဲ့လေး။ ။


အချုပ်တန်းဆရာဖေ

စာလေး ကဗျာလေး ကောင်းပြီဆိုရင် ဦးပုည ရေးတာလို့ စွတ်ပြောတတ်တဲ့သူတွေကို အချုပ်တန်းဆရာဖေက ကဗျာ့အာဘော်နဲ့ ဒီလို ကလော်ဆဲ ထားပါတယ်။

0 comments:

Post a Comment

 
Design by Dabloeng.com/