Friday, October 10, 2014

စေတီယဖွားဖက်တော်


ဦးပုညတို့ ဖွဲ့လိုက်ပုံများတော့ လက်ဖျားခါလောက်ပါတယ်။ မှန်တာကိုမပြောတဲ့နေရာမှာတော့ ဥသျှောင်ပါပဲ။ အဲဒီခေတ်က မှန်တွေက နိုင်ငံခြားက သင်္ဘောနဲ့ ဝင်ပါတယ်။ အဲဒီ “မှန်” တွေကိုရောင်းရင်တောင် “မှား” လို့ခေါ်ပြီး ရောင်းမယ်။ “မှန်” လို့များ ယောင်လို့ပြောမိရင် အာခေါင်ကို ဖဲ့လိုက်ပါဆိုပြီး မောင်းခတ်ကျေညာပြီးတောင် ပြောလိုက်ဦးမယ် ဆိုပဲ …
အော် …. စေတီယမင်းနဲ့ ဖွားဖက်တော် ဆိုလောက်တဲ့သူတွေ … အောက်က အလိမ်ဖွဲ့တေးထပ်လေးကို တင်ပေးလိုက်ပါတယ်။
စေတီယဖွားဖက်တော်
စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောင်တောင် ပိုင်စား၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎
တမိုးအောက်လူ့ပြည်မှာ၊‎
သည်တဖေတပါးသာဖြင့်၊‎
မုသားစောင်ဖြူခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎
(အလိမ်ဖွဲ့)
စလေဦးပုည
 

0 comments:

Post a Comment

 
Design by Dabloeng.com/