Friday, January 2, 2015

ကမ္ဘာ့စာကြည့်တိုက်ကြီးတွေရဲ့အလှ


Tablet တွ ဖုန်းတွေနဲ့ စာဖတ်များလာကြပေမဲ့ စာအုပ်တွေကတော့ ရိုးမသွားပါဘူး။ စာအုပ်တွေကြား စာအုပ်နံသင်းသင်းနဲ့ စာထိုင်ဖတ်ရတဲ့အရသာဟာ ဒီလိုဖတ်ဖူးတဲ့လူတွေပဲ သိကြပါတယ်။

ပြင်သစ်ဓာတ်ပုံဆရာ ဖရန့်ခ်ဘိုဘော့ဟာ ကမ္ဘာတစ်ဝန်းက စာကြည့်တိုက်ကြီးတွေကို မှတ်တမ်းတင်ဖို့ ပရောဂျက်တစ်ခု လုပ်ဆောင်နေပါတယ်။

လှပလွန်းတဲ့စာကြည့်တိုက်ကြီးတွေရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေကို ရိုက်ကူးမှာဖြစ်ပြီး အလင်းတွေ၊အရောင်တွေနဲ့ ဖွဲ့စည်းပုံအလှတွေကို အဓိကထား တင်ပြမှာဖြစ်ပါတယ်။
 

ပါရီ၊ ရောမနဲ့ ဘောစတွန်လို ဥရောပမြို့ကြီးတွေအပါအဝင် တောင်အမေရိကနဲ့ အာရှတိုက်က စာကြည့်တိုက်ကြီးတွေကိုလည်း အရောက်သွားမယ်လို့ ဆိုပါတယ်။လက်ရှိမှာ သူတင်ပြထားတဲ့ ကမ္ဘာ့စာကြည့်တိုက် အဆောက်အဦးကြီးတွေရဲ့ အလှကိုဖော်ပြပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: iMyanmarHouse
 
 

0 comments:

Post a Comment

 
Design by Dabloeng.com/