Friday, October 10, 2014

ကာလဆိုး‎


‎မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ပို့စ်တွေကို ဆက်ဖို့ တေးထပ်အကြောင်း ရေးနေတုန်း ဦးပုညရေးခဲ့တဲ့ ကလိယုဂ်ဖွဲ့ တေးထပ်ကလေး ခေါင်းထဲရောက်လာပါတယ်။ ဖတ်သာကြည့်ကြပါတော့ အရပ်ကတို့ရေ ….
ကာလဆိုး‎
ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ ‎

လေးတရာ့ဆီမှန်လျှင်၊‎
ရေနံလောက်မကောင်း၊‎
စိတ်အနေ ရုပ်ပြောင်းလို့၊‎
ချောင်းကိုပ မြစ်ထင်၊‎
တူရိယာ နတ်စည်စောင်း၊‎
သူဖုန်းတောင်းချင်းကတဲ့သွင်။‎
‎ဝါးလုံးခေါင်း လသာချင်တယ်၊‎
အိမ်ထဲတွင် ကင်းဝပ်လို့၊‎
မုန်းဇာတ်ကြံကြပြီ၊‎
ဘုန်းရို့ဝသီ၊‎
ခုများဖြင့် မုသားညီတယ်၊‎
အပလီ ဗိုလ်မင်းပလေး။ ။‎
ဦးပုည
(ကလိယုဂ်ဖွဲ့ – သာမညတေးထပ်)
ကျနော်ကတော့ စာဆိုတော်ကြီး ဦးပုညလို မရေးတတ်လို့ ဒီတေးထပ်လေးနဲ့ပဲ ညည်းချင်းချလိုက်ပါတယ်။ စလေဦးပုညများ ဒီခေတ်မှာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ….

0 comments:

Post a Comment

 
Design by Dabloeng.com/